14 February, 2012
လူမျိုး
NationalityI have grown past hate and bitterness
I see the world as one
Yet though I can no longer hate
My son is still my son
All men at God’s round table sit
And all men must be fed
But this loaf in my hand
This loaf is my son’s bread.
Nationality
လူမျိုးI have grown past hate and bitterness
ငါ ဟာ အမုန်းတွေ နာကျည်းချက်တွေ ကို ကျော်လွန် ကြီးပြင်လာခဲ့ ပါပြီး
လူမျိုးရေးနဲ့ ပတ်သက်လို့ မုန်းတီးစိတ်တွေ နာကျည်းစိတ်တွေဟာ အသက်အရွယ်ကြီးလာလို့ ရင့် ကျက်လာလို့ မရှိတော့ပါဘူး...
I see the world as one
ငါဟာ ကမ္ဘာကြီးကို တခုတည်းလို့ မြင်လာပါပြီး
လူမျိုးအားလုံးကို တစ်ခုတည်း အားလုံးဟာ ညီအစ်ကိုတွေပါလို့ 
မြင်တက်လာပါပြီး
Yet though I can no longer hate
ငါဟာ အမုန်းတွေမရှိတော့ ပေမယ့် လဲ
My son is still my son
ှငါ့သားကတော့ ငါ့ သားပါပဲ
All men at God’s round table sit
ဘုရားသခင်ရဲ့ စားပွဲဝိုင်းမှာ အားလုံးညီမျှစွာ ထိုင်နေခွင့် ရမယ်
And all men must be fed
လူသားအားလုံးဟာ တူညီစွာ ကျွေးမွေးတာကို လဲခံရမယ်
But this loaf in my hand
ဒါပေမယ့် ငါလက်ထဲက ပေါင်မုန့် ဟာ
This loaf is my son’s bread.
ငါ့ သားရဲ့ ပေါင် မုန့် ပါပဲ
Show/Hide
ဆက်ဖတ်ရန်>>>
18 January, 2012
မြန်မာပြည်ပညာရေးအကြောင်း
ဥာဏ်အမျိုးမျိုးအဖုံဖုံ
ကျွန်မ မနှစ်က မြန်မာပြည်ကို ပထမဦးဆုံး ရောက်ခဲ့တုန်းက ရန်ကုန်မှာ တစ်လနေရင်း မြန်မာလူမှုရေး အကြောင်း စိတ်ဝင်စားစရာတွေ အစုံ သိခွင့်ရခဲ့ပါတယ်။ ကျွန်မက တက္ကသိုလ်မှာ ပညာရေး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့သူ ဖြစ်တဲ့ အလျောက် မြန်မာပညာရေး စနစ်အကြောင်း အထူးပြု စူးစမ်းရင်း မြန်မာ သူငယ်ချင်းတွေနဲ့ ပညာရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ခဏခဏ ဆွေးနွေးမိတတ်ကြပါတယ်။
သူတို့ ပြောတာတွေထဲမှာ တစ်ခုက ကျွန်မအနေနဲ့ သိပ်အံ့သြစရာ မကောင်းဘူးဆိုရင် မမှားပါဘူး။ သူတို့ ပြောတာ က မြန်မာပြည်မှာ တက္ကသိုလ် ၀င်စာမေးပွဲ အောင်စာရင်း အရ အသက်မွေးဝမ်းကျောင်းဝင်ခွင့် သတ်မှတ်ထား တော့ အမှတ်သိပ်ကောင်းရင် သိပ္ပံကို လေ့လာခွင့်ရပြီး အမှတ်မကောင်းရင် ၀ိဇ္ဇာပညာရပ်ကိုပဲ လေ့လာခွင့်ရတယ်။ အမှတ် အကောင်းဆုံးပဲ ဆိုရင် ဆရာဝန်အဖြစ် ဒါမှမဟုတ် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်နိုင်တယ်။
ဒီအချက်တွေက ဘာဖြစ်လို့ ကျွန်မအနေနဲ့ အံ့သြစရာကောင်းသလဲ ဆိုတော့ ဒါတွေက အမေရိကန်ပညာရေး စနစ်နဲ့ မတူပါဘူး။ အမေရိကန်နိုင်ငံမှာ ကတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ကိုတက်ချင်ရင် အက်စ်အေတီ (SAT) လို့ခေါ်တဲ့ စာမေးပွဲတစ်ခုကို ဖြေရပေမယ့် အသက်မွေး ၀မ်းကျောင်း ၀င်ခွင့်က ဒီစာမေးပွဲရဲ့ အမှတ် စာရင်းပေါ်မှာ မတည်ပါဘူး။ အမှတ်ကောင်းရင် ဂုဏ်ရှိတဲ့ တက္ကသိုလ်မှာ ၀င်ခွင့်ရမှာပဲ။ အမှတ်မကောင်းဘူး ဆိုရင်တော့ ကောင်းတဲ့ တက္ကသိုလ် မ၀င်နိုင်ဘူးဆိုတာက ဖြစ်နိုင်ပေမယ့် တက္ကသိုလ် ၀င်ခွင့်ဆိုတာ SAT အမှတ် အပြင် အထက်တန်း ကျောင်းမှာရတဲ့ အမှတ်၊ အားကစားနဲ့ တခြား ကျောင်းအပြင် အလုပ်တွေ၊ ဆရာ၊ ဆရာမရဲ့ ထောက်ခံစာတွေ အပေါ် မှာတည်တယ်။ (ဒီ ကျောင်းအပြင် အလုပ်တွေ ဆိုတာ ဂီတ၊ အနုပညာ၊ ခေါင်းဆောင်မှု စတဲ့ အရည်အချင်း တွေကို ဖော်ပြနိုင်တဲ့ ကိစ္စတွေပါပဲ။) ဥပမာ ကျောင်းသူတစ်ယောက်က SAT မှာ အမှတ် ကောင်းကောင်း ရပေမယ့် အထက်တန်းကျောင်း မှာရတဲ့ အမှတ်က မကောင်းရင် ဒါမှမဟုတ် ကျောင်းအပြင် ကိစ္စ သိပ်မပါဝင်ဖူးဘူး ဆိုရင် အကောင်းဆုံး တက္ကသိုလ်တွေကို ၀င်ခွင့်ရချင်မှရ မယ်။ ဒါပေမယ့် တက္ကသိုလ် ၀င်ခွင့် ရပြီးရင်တော့ ကြိုက်တဲ့ ဘာသာရပ်ကို လေ့လာလို့ရတယ်။
ဒီ အမေရိကန်စနစ်မှာ တက္ကသိုလ် ရောက်ရင် ဘယ်ဘာသာရပ် လေ့လာမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို အထက်တန်း ကျောင်းပြီးတာနဲ့တန်း ဆုံးဖြတ်ရတာ မဟုတ်ဘူး။ များသောအားဖြင့် ကျောင်းသူ၊ ကျောင်းသားတွေက တက္ကသိုလ် ရောက်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာပြီးမှ အဓိကအ ထူးပြု ဘာသာရပ်ကို ရွေးကြရတယ်။ နောက်ပြီး ဘီအေ(B.A)၊ ဘီအက်စ်စီ (B.Sc) ဘွဲ့ရပြီးမှ ဆရာဝန်၊ ရှေ့နေ၊ ဆရာမဖြစ်ချင်ရင် အထူး စာမေးပွဲ နောက်တစ်ခု ထပ်ဖြေရတယ်။ ဒီ အထူး စာမေးပွဲဆိုတာ (၀ိဇ္ဇာနဲ့ သိပ္ပံပညာရပ်တွေ အတွက်) ဂျီအာရ်အီး GRE, (ဥပဒေအတွက်) အယ်လ်ဆတ် LSAT, (ဆေးတက္ကသိုလ်အတွက်) အမ်ခတ် MCAT ဖြစ်ပြီး အမှတ်အရ ဘွဲ့လွန် သင်တန်း ၀င်ခွင့် ရ၊ မရ ဆုံးဖြတ်ကြတယ်။ GREက အပိုင်း ၃ ပိုင်းခွဲထားပြီး တစ်ပိုင်းက သင်္ချာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေရတယ်။
နောက်တစ်ပိုင်းက ဘာသာစကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတယ်။ နောက်တစ်ပိုင်းမှာ ကျတော့ စာစီစာကုံး ရေးရတာပါ။ ၀ိဇ္ဇာပညာ ရပ်ကိုလေ့လာချင်တဲ့ သူတွေအတွက် သင်္ချာနဲ့ ပတ်သက်တဲ့ အပိုင်းမှာရတဲ့ အမှတ်က အရေးမကြီးပါဘူး။ ဥပမာ ကျွန်မ ပညာရေး ပါရဂူ သင်တန်းကို ၀င်ခွင့်ရဖို့ လျှောက်တုန်းက ကျွန်မက သင်္ချာကို သိပ်မကျွမ်းကျင်ပေမယ့် ပါရဂူ သင်တန်းကို ၀င်ခွင့်ရခဲ့ပါတယ်။
အမေရိကန် စနစ်နဲ့ မြန်မာစနစ်ကို နှိုင်းယှဉ် ကြည့်ရင်ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ခြားနားတဲ့ ယူဆချက်တွေ အမျိုးမျိုးရှိတယ် ဆိုတာကို မြင်နိုင်တယ်။ မြန်မာစနစ်အရ ဥာဏ်ကို ဘယ်လို မြင်သလဲ ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ ရှိတုန်းက ပညာမှာ အသိပညာ၊ အတတ်ပညာ ဆိုပြီး ပညာနှစ်မျိုးရှိတယ် လို့ သိရတယ်။ အတတ်ပညာက အမျိုးမျိုး ရှိပုံရပေမယ့် မြန်မာ စာမေးပွဲစနစ် အရဆိုရင် အသိပညာကတော့ တစ်မျိုးပဲ ရှိတယ်လို့ ယူဆပါတယ်။ ဒီစနစ်အရ သိပ္ပံကို နားလည်နိုင်တဲ့ လူတွေက စာပေ၊ သမိုင်း၊ အနုပညာကို နားလည်နိုင်တဲ့ လူထက် ပိုဥာဏ်စွမ်းကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။
မြန်မာစနစ်မှာ ကောင်းတာက အရေးကြီးတဲ့ အလုပ် အတွက် အကောင်းဆုံး ကျောင်းသူ၊ ကျောင်းသားတွေပဲ လုပ်လို့ လူမှုရေး အတွက် ကောင်းတဲ့အပြင် ဒီအရေးကြီးတဲ့ အလုပ်အတွက် ၀န်ထမ်း အလုံအလောက်ရှိမယ်။ တော်တဲ့ အင်ဂျင် နီယာရှိရင် ခိုင်တဲ့ တံတားရမှာပဲ။ အခု အမေရိ ကန်နိုင်ငံမှာ ပြဿနာတစ်ခုက ကျောင်းဆရာ၊ ဆရာမ အလုံအလောက် မရှိဘူး။ အလုပ်ဝင်ခွင့်ကို စာမေးပွဲ အမှတ်အရ သတ်မှတ် ဆုံးဖြတ်ရင် ဒီပြဿနာ ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မိတယ်။
အမေရိကန် စနစ်ကတော့ ဥာဏ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ယူဆတော့ အဲဒီ ဥာဏ်အမျိုး မျိုးကို စစ်ချင်ရင် စစ်တမ်းထုတ်နည်း အမျိုးမျိုး သုံးရတယ်။ ဒါ့အပြင် ဒီယူဆချက် အရ သိပ္ပံနဲ့ ပတ်သက်တဲ့ ဥာဏ်က အရေးကြီးဆုံးပဲ ဆိုတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ၁၀၊ ၂၀ အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဥာဏ်အကြောင်း ယူဆချက်တွေ အများကြီး ပြောင်းလဲလာခဲ့တယ်။ ၁၉၈၃ မှာ ဟောင်း ၀ဒ်ဂါရ်ဒနာ(Howard Gardner)ဆိုတဲ့ ပညာရေး ပါမောက္ခ တစ်ယောက်က ဥာဏ်အမျိုးမျိုးအကြောင်း စာအုပ်တစ်အုပ် ရေးခဲ့တယ်။ ဒီစာအုပ် မှာ သူ့ရဲ့ ဥာဏ်မျိုးစုံ သီအိုရီ(Theory of Multiple Intelligences) ဆိုတာကို ရှင်းပြတယ်။
သူ့သီအိုရီ အရ ဘာသာစကားနဲ့ ပတ်သက်တဲ့ဥာဏ် (Linguistic Intelligence)၊ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ် (Logical-Mathematical Intelligence)၊ ဂီတနဲ့ပတ်သက်တဲ့ဥာဏ် (Musical Intelligence)၊ ကိုယ်နဲ့ပတ်သက်တဲ့ ဥာဏ် (Bodily-Kinesthetic Intelligence))၊ နေရာနဲ့ပတ်သက်တဲ့ဥာဏ်(Spatial Intelligence)၊ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဥာဏ် (Interpersonal Intelligence)၊ မိမိကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ် (Intrapersonal Intelligence) ဆိုတဲ့ ဥာဏ် ၇ မျိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီဥာဏ်တွေကို ပိုနားလည်အောင် ကျွန်မ အမြင်ကို နည်းနည်း ရှင်းပြချင်ပါတယ်။ ဥပမာ လူတစ်ယောက်က ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဘာသာစကားတွေကို လွယ်လွယ် သင်နိုင်ပြီး စကားအဓိပ္ပာယ်ကို ကောင်းကောင်း ပြောပြနိုင်တယ်ဆို တော့ စာရေးဆရာ/ဆရာမ၊ ကဗျာဆရာ/ဆရာမ၊ ရှေ့နေအနေနဲ့ အလုပ်လုပ်ရင် အဆင်ပြေမှာပဲ။ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် သဘာဝ သိပ္ပံနဲ့ ဆိုင်တဲ့ အလုပ်မှာ ကျွမ်းကျင်မယ်။
ဂီတနဲ့ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဂီတစာဆို၊ ဂီတသမား အနေနဲ့ ပန်းဆွတ်မယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ဥာဏ်မှာ စွမ်းရင်တော့ အားကစား၊ အက ဟန်ကျမယ်။ နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းတဲ့ လူကျတော့ ပစ္စည်းတွေကို ဘယ်လို နေရာတကျ ထားသင့် သလဲလို့ စိတ်ကူးနိုင်လို့ ဗိသုကာ၊ အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ရင် ကျွမ်းကျင်မယ်။ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းသူ ကတော့ လူတွေရဲ့ အမူအရာ၊ စိတ်ခံစားမှုကို ကောင်းကောင်း နားလည် နိုင်လို့ ဈေးရောင်းသူ၊ ခေါင်းဆောင်၊ အကြံပေး စတဲ့အလုပ်တွေမှာ ပေါက်မြောက်မယ်။ မိမိ ကိုယ်ကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်း ရင်တော့ သူ့ကိုယ်သူ ကောင်းကောင်း နားလည်တဲ့ သူဖြစ်လို့ ဘာအလုပ်မှာဖြစ်ဖြစ် အကျိုးရှိမှာပဲ။ နောက်ပြီး တခြား ဘာဥာဏ်တွေ ရှိပါလိမ့်ဦးမလဲ လို့ တွေးကြည့်ကြပါစို့။
ဥပမာ ကိုယ်ကျင့် တရားနဲ့ပတ်သက်တဲ့ဥာဏ်(Moral Intelligence) စက္ခုနဲ့ပတ်သက်တဲ့ဥာဏ် (Visual Intelligence), အချက်အပြုတ်နဲ့ ပတ်သက်တဲ့ ဥာဏ် (Culinary Intelligence) စတဲ့ဥာဏ်တွေလည်း ရှိမှာပဲ။ ဂါဒနာရဲ့အဆိုအရ ဥာဏ်တွေက ၀ါသနာပဲ ဆိုတဲ့ အယူအဆက သိပ်မမှန်ပါဘူး။ နောက်တစ်ခု က တချို့ လူတွေက ဥာဏ်ရှိပြီး၊ တချို့က ဥာဏ်မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ လူတွေက ကိုယ်စီ ကိုယ်ငှ ဥာဏ်တစ်မျိုးစီ ရှိပြီး လူတိုင်းမှာ Unique Combination of Intelligence လို့ခေါ်တဲ့ တစ်မျိုးစီ သူ့နည်း သူ့ဟန်နဲ့ ဥာဏ်တွေ ပေါင်းစုထားတာရှိကြတယ်။
ဥပမာ ကျွန်မက နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ သိပ်မစွမ်းဘဲ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ ပိုအားသန်လို့ အင်ဂျင်နီယာ အဖြစ်လုပ်ရင် မပေါက်မြောက် နိုင်ပေမယ့် ကျောင်းဆရာမ အဖြစ်လုပ်ရင် ပိုအဆင်ပြေတယ်။ သို့သော်လည်းပဲ ဇာတိဥာဏ် ရှိပေမယ့် အဲဒီ ဥာဏ်ရင့်သန်ဖို့ အခွင့်မရှိရင်ရော၊ ကိုယ်ပိုင် ကြိုးစားမှု မရှိရင်ရော ဇာတိဥာဏ်ရဲ့ အစွမ်းအစ ပေါ်မထွက်လာနိုင်ဘူး။
ဒီတော့ ကျောင်းမှာ ကလေးတွေက ဥာဏ်မျိုးစုံကို ရင့်သန်ဖို့ အခွင့်ရှိဖို့ အထူးလိုအပ်တယ်လို့ ကျွန်မ မြင်တယ်။ အဲဒီသီအိုရီက အမေရိကန် ပညာရေး စနစ်မှာ တစ်စတစ်စ အရာတွင်လာလို့ တက္ကသိုလ်ဝင်ဖို့ လိုအပ်ချက်တွေ ကလည်း ပြောင်းလဲလာပြီး ၀င်ခွင့်က စာမေးပွဲ အမှတ်စာရင်းတစ်ခုတည်း အပေါ် မှာတည်တယ်ဆိုတာ မဟုတ်တော့ဘူး။
မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ မတူဘူးဆိုတော့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်လို့ မလွယ်ပေမယ့် နှစ်နိုင်ငံစလုံးက တစ်မျိုးစီ လူငယ်တွေအတွက် အကျိုးရှိပါတယ်။ နောက်ဆိုရင် ကျွန်မ မြန်မာ ပညာရေးနဲ့ ပတ်သက်တဲ့ယူဆချက်တွေအကြောင်း ပိုလေ့လာ ချင်ပါတယ်။
ဥပမာ မြန်မာပြည်မှာရှိတုန်းက ကာယအင်အားနဲ့ ဥာဏအင်အား အကြောင်း ကြားဖူးပေမယ့် ဒီအင်အားနှစ်ခုက ဘယ်လိုကွာ သလဲဆိုတာ ကျွန်မ စိတ်ဝင်စားတယ်။ ကာယ အင်အားက ကိုယ်နဲ့ပတ်သက် တဲ့ဥာဏ်နဲ့ ဆင်သလားဆိုတာ ကျွန်မ စဉ်းစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီအကြောင်း တွေကိုလေ့လာဆွေးနွေးရင် တခြားပညာရေးကို စိတ်ဝင်စားတဲ့ လူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတ ရကြမယ်လို့ ယူဆပါတယ်။
နှင်းဆီ
(နှင်းဆီဟာ ကော်နဲလ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ အမေရိကန်ကျောင်းသူ ဖြစ်ပါတယ်။ အမည်ရင်းက Rose Metro ဖြစ်ပြီး သူဟာ ကော်နဲလ်တက္ကသိုလ်မှာပဲ မြန်မာစာကို သင်ယူခဲ့ပါတယ်။ သူ မြန်မာစာ လေ့လာနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။ သူ အဓိက စိတ်ဝင်စားတာက ပညာသင်ကြားတဲ့ နည်းလမ်းအသွယ်သွယ်ရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ကျောင်းတစ်ဖက် တက်သလို အမေရိကမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာလည်း ဆရာမအဖြစ် အလုပ် လုပ်နေပါတယ်။ အခုဖော်ပြတဲ့ ဆောင်းပါးဟာ သူကိုယ်တိုင် မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ အမေရိကန် ကျောင်းသူ တစ်ယောက်ရဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ သူ့ကို တိုက်ရိုက် စာရေး ဆက်သွယ်ချင်ရင်တော့ rose.metro@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ စာရေးသား ဆက်သွယ်နိုင်ကြောင်း။ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉။)
ဆက်ဖတ်ရန်>>>
ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
Show/Hide
၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။
၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။
၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သောဒေါမနဿဒေါသမဖြစ်ပါနှင့် ။
၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ
၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။
၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။
၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊
မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော
မိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။
၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။
၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ဖရုသ၀ါစာတည်းဟူသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။
၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော ပိသုဏ၀ါစာစကားကိုရှောင်ကြဉ်ပါ။
၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)
အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပ
ဗရုတ်သုတ်ခမဟုတ်က ဟုတ်ကစကားများ မပြောပါနှင့် ။
၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်
အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။
၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။
၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိ ပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။
၁၄ ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ ။
၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ ။
၁၆ ။ အစဉ် ကြည်လင်သော ကောင်းသော စိတ်ကိုမြှုပ်နှံထားပါ ။
၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။
၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။
* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။
* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။
၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါ
ဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။
အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အချွန်းမရှိ ၊ ပညာမရှိ မပြုမူသင့် ။
၂၀ ။ ဇကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊
သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။
၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။
၂၂ ။မိမိစိတ်ကိုအစဉ်သတိဖြင့်ကပ်ထားပါလေမလွတ်လိုက်ပါနှင့်။စိတ်ဟူသည်ဖြန့်ကျက်တက်သောသဘောရှိ၏ ။
ဆက်ဖတ်ရန်>>>
ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု
Show/Hide ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
ဆက်ဖတ်ရန်>>>
09 January, 2012
၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်ဟုဆို
BY YATANARPON
ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက်။ ။ အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။
“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။
ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။Show/Hide
ဆက်ဖတ်ရန်>>>
05 January, 2012
There are basically 7 TYPES OF GIRLS...
 အခြေခံအားဖြင့် မိန်းကလေး ၇ မျိုးရှိပါတယ်..
1. HARD DISK Girls:
Remember everything forever.
မင်းနဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို အမြဲတမ်းမှတ်မိနေသူလေး..
2. RAM Girls:
Forgets about you the moment you turn her off.
မင်းသူကို ပိတ်လိုက်တာနဲ့ ( မျက်ကွယ်ရောက်သွားတာနဲ့ ) မင်းကို မေ့သွားသူလေး
3. SCREEN SAVER Girls:
Just for looking.
ခဏတာလောက်သာပျော်ရွင်မှုပေးသူလေး
4. INTERNET Girls:
Difficult to access.
ဆက်သွယ်ဖို့ ခက်ခဲသူလေး
5. SERVER Girls:
Always busy when needed.
လိုအပ်ရင်..အမြဲအလုပ်ရှုပ်နေသူလေး
6. MULTIMEDIA Girls:
Makes horrible things looks beautiful.
အပြင်အဆင်ကောင်းသူလေး
7. VIRUS Girls :
These type of girls are normally called 'WIFE'
once enters in your system don't leave even after format.
အင်..နောက်ဆုံးတစ်ယောက်ကတော့ ကိုယ်ဘ၀ ထဲ ရောက်လာပြီးရင် ပြန်မထွက်တော့ ပဲ ဒုက္ခအမြဲပေးနေတဲမိိန်းမပါပဲတဲ့ 
Show/Hide
ဆက်ဖတ်ရန်>>>
27 December, 2011
ဘ၀မှတ်တိုင်အမှတ် ၃၂ ..သို့ မဟုတ်... ခရီးတ၀က်ကျော်..
အေးမြတဲ့ ဆောင်းနှင်းတွေနဲ့ အတူခုတ်မောင်းလာတဲ့ ဘ၀ရထားကြီးဟာ ဘာလိုလို နဲ့ ဒီဇင်ဘာ ၂၈ မှာ ဘူတာအမှတ် ၃၂ ကို ရောက်ရှိလို့ လာခဲ့ ပါပြီး...ခရီးတ၀က်ကြိုးပြီမို့ လမ်းတလျှောက် တွေ့ ခဲ့ ရ ကြုံခဲ့ ရတာတွေလဲမနည်းလှပါဘူး...တယောက်တည်းချီတက်လာရာကနေ ဘူတာအမှတ် ၂၇ မှာ နှစ်ယောက်..ဘူတာအမှတ် ၂၈ မှာ ၃ ယောက်...အခုဘူတာ မှာ တယောက်ထပ်တိုးပြီး အမှတ်စဉ် ၄ ယောက်မြောက် ရောက်လာပါပြီ.....
အခုလို့ နေ့ ရောက်တိုင်း..အိပ်မက်တွေထဲက လန့် နိုးလာ သလို့ ကိုယ့်အကြောင်းတွေ ကို ပြန်စဉ်းစားကြည့် မိတယ်...ငါသွားနေတဲ့ ခရီးကဘယ်ကိုလဲ..ဘာတွေပြင်ဆင်ထားပြီလဲ..ဘာတွေမလုပ်ရသေးတာလဲ...
အဖြေတွေကတော့ အမျိုးမျိုးထွက်လာနိုင်ပါတယ်...ဘာအတွက်မှငါဟာအသင့် မဖြစ်သေးတာတော့ သေချာပါတယ်...ဒါဆိုဘယ်လို့ ဆက်လုပ်မလဲ.....တစ်ဘူတာပြီး တဘူတာ ဆက်သွားရုံပေါ့ ...
ဘာမှမဖြစ်လာဘူးဆိုရင်တောင်မှ ရှင်သန်ခွင့် ပေးတဲ့ အမေအဖေ..နေထိုင်ခွင့် ပေးထားတဲ့ လောကကြီးကို အမြဲကျေးဇူ တင်နေမှာပါ....
ဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ သလို့ ..ဆက်လက်ပြီးတော.ဆက်သွားနေအုံးမှာပါ..ဆင်းရမယ့် ဘူတာရောက်တဲ့ အထိပေါ့ ...
ဆက်ဖတ်ရန်>>>