အေးမြတဲ့ ဆောင်းနှင်းတွေနဲ့ အတူခုတ်မောင်းလာတဲ့ ဘ၀ရထားကြီးဟာ ဘာလိုလို နဲ့ ဒီဇင်ဘာ ၂၈ မှာ ဘူတာအမှတ် ၃၂ ကို ရောက်ရှိလို့ လာခဲ့ ပါပြီး...ခရီးတ၀က်ကြိုးပြီမို့ လမ်းတလျှောက် တွေ့ ခဲ့ ရ ကြုံခဲ့ ရတာတွေလဲမနည်းလှပါဘူး...တယောက်တည်းချီတက်လာရာကနေ ဘူတာအမှတ် ၂၇ မှာ နှစ်ယောက်..ဘူတာအမှတ် ၂၈ မှာ ၃ ယောက်...အခုဘူတာ မှာ တယောက်ထပ်တိုးပြီး အမှတ်စဉ် ၄ ယောက်မြောက် ရောက်လာပါပြီ.....
အခုလို့ နေ့ ရောက်တိုင်း..အိပ်မက်တွေထဲက လန့် နိုးလာ သလို့ ကိုယ့်အကြောင်းတွေ ကို ပြန်စဉ်းစားကြည့် မိတယ်...ငါသွားနေတဲ့ ခရီးကဘယ်ကိုလဲ..ဘာတွေပြင်ဆင်ထားပြီလဲ..ဘာတွေမလုပ်ရသေးတာလဲ...
သေချာတဲ့ အဖြေတခုကတော့ .ငါဘာမှ အဆင်သင့်မဖြစ်သေးဘူးဆိုတာပါပဲ....အတိတ်ကို ပြန်လှန်ကြည့် ရင် ..လွန်ခဲ့ နှစ် ၃၀ ကျော်က ကရင်ပြည်နယ်.မြို့ တော်ဘားအံ ပြည်သူ့ ဆေးရုံးကြီးကနေစတင်ခဲ့ တဲ့ ဘ၀တခု..အေးချမ်းတဲ့မိသားစုကလေးကနေ ကြီးပြင်ခွင့် ရခဲ့ သူပါ...အပူအပင်ကင်းတဲ့ ကလေးဘ၀ကိုဖြတ်သန်းပြီး..ရိုးသားခွင့် တွေရခဲ့ တယ်...အမေအဖေတွေ့ ရဲ့ ကျေးဇူးနဲ့ အထက်တန်းကျောင်းသားဘ၀ကို..အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..အင်ဂျင်နီယာဖြစ်ခွင့် ရ ခဲ့ တယ်...ဘ၀ခရီးအဖေါ်ကိုလည်း တွေ့ ခဲ့ တယ်...ချစ်စရာကောင်းတဲ့ သားသားလေး ၂ ယောက်ကိုလဲ ရခဲ့ တယ် ....ဒါဆိုရင် အရာရာပြည့် စုံတဲ့ ဘ၀တစ်ခု ဖြစ်ပြီလား......ပြည့် စုံသွားပြီးဆိုရင် ဘာဆက်လုပ်ရမှာလဲ...မပြည့်စုံသေးဘူးဆိုရင် ဘာတွေလို နေအုံးမှာလဲ ...အဲဒီအတွက်ဘာတွေကိုပြင်ဆင်ထားရမှာလဲ...အကောင်းဆုံးဆိုတာဘာတွေလဲ.......
အဖြေတွေကတော့ အမျိုးမျိုးထွက်လာနိုင်ပါတယ်...ဘာအတွက်မှငါဟာအသင့် မဖြစ်သေးတာတော့ သေချာပါတယ်...ဒါဆိုဘယ်လို့ ဆက်လုပ်မလဲ.....တစ်ဘူတာပြီး တဘူတာ ဆက်သွားရုံပေါ့ ...
ဘာမှမဖြစ်လာဘူးဆိုရင်တောင်မှ ရှင်သန်ခွင့် ပေးတဲ့ အမေအဖေ..နေထိုင်ခွင့် ပေးထားတဲ့ လောကကြီးကို အမြဲကျေးဇူ တင်နေမှာပါ....
ဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ သလို့ ..ဆက်လက်ပြီးတော.ဆက်သွားနေအုံးမှာပါ..ဆင်းရမယ့် ဘူတာရောက်တဲ့ အထိပေါ့ ...
No comments:
Post a Comment