ရန်ကုန်မှာဆောင်းတွင်းဓလေ့ အေးမြတဲ့ အတွေ့ လေးကို ခံစားလာရတော့ ဘားအံကဒီဇင်လာလ ဆောင်းတွင်း လေးကို သတိရမိတယ်..ဘားအံမှာဒီအချိန်မြူတွေဝေနေရောပေါ့ .....
ဘားအံမှာဆောင်းတွင်းမနက်စောစော ထပြီး ဆိုင်ကယ်လိုက်စီးတာကိုပြန်တွေးမိရင်..အမြန်ဆုံးပြန်သွားချင်စိတ်တွေပေါ်လာမိတယ်...ငယ်ငယ်တုန်းကဆို .မနက်စောစောအိတ်ယာထ...ဂျာကင်စွတ် ..ခေါင်းစွတ်ကြီးဆောင်း..လက်အိတ်စွတ်..ဆိုင်ကယ်ကိုတက်ခွပြီး..ဇွဲကပင်တောင်ခြေဘက်ကိုမောင်းချသွားတာပေါ့ 
မြို့ တွင်းမှာမသိသာပေမဲ့ မြိုပြင်ဖက်ရောက်တော့ စိမ့် စိပ်ပြီးတော့ အေးလာတယ်..GTI(ယခု YTU)ဘက်ရောက့် ရင် လက်တဖက်ကို ဂျာကင်အိတ်ထဲ ထည့် လက်တဖက်နဲ့ ပဲမောင်းနိင်တော့ တယ်..
ဆောင်းနှင်းပွင့် လေးတွေမျက်နှာပေါ် လာရိုက်တာကိုခံစားရတဲ့ အရသာဟာ မမေ့နိုင်စရာတွေဘာပဲ..
ဇွဲကပင်တောင်ခြေမရောက်ခင်တောင်ကြားလေးတခုမှာ..ရှေ့ ကို မမြင်ရလောက်အောင်မြူနှင်းတွေပိတ်နေတက်ပါတယ်..ဆိုင်ကယ်မီးကြီးကိုဖွင့် ..ကလေးတယောက်လို့ ဟေး.အော်ပီးနှင်းမြူကြားဖြတ်မောင်းခဲ့ရတဲ့ အတွေ့ အ့ကြုံတွေဟာ..ကြည်နူးစရာလေးဘာ..
ဘားအံမြို့ ကို ဇွဲကပင်တောင်ခြေကနေတပတ် ပတ်ပြီး..အပြန်..ထန်းတဲလေးမှာ ထန်းရေချိုလေးသောက်ပြီး..နေထွက်တာကို ထိုင်ကြည့် ပါတယ်..တောင်ထိတ်ကနေ.ထွက်လာတဲ့ နေဟာ တောင်စွယ်..တောင်ကြား..တောတန်းလေးတလျှောက်..ရောင်ခြည်တန်းတွေနဲ့ နှင်းတွေကိုထိုးဖောက်ဝင်းလာကိုကြည့် ရင်း..ကြည်နှုးစရာဆောင်းတွင်းတနေ့ တာကိုဖြတ်သန်းခဲ့ ပါတော့တယ် ...
No comments:
Post a Comment