အချစ်ရဲ့ အမျိုးအစား
ရှင် ကျွန်မကို တကယ် ချစ်ရဲ့လား။
ချစ်တာပေါ့ကွာ။
ဒါဆို ကျွန်မ အတွက် အသက်ပေးရဲပါ့မလား။
အို..ကိုယ့်အချစ်က အမြဲတမ်း ရှင်သန်နေမယ့် အချစ်ပါကွာ။
မောင့်ဆန္ဒ
သူက သူ့ချစ်သူကို သိပ်ယုယတာပဲ။မောင်လည်း သူ့ကို အတုခိုးသင့်တယ်နော်။ အဲသလို ယုယသင့်တယ်။
(ကောင်လေးက စဉ်းစားလိုက်ပြီး….)
သူ့ချစ်သူက လက်ခံပါ့မလား။
ငါ့အဆိုး မဖြစ်ချင်လို့
မင့်ကောင်မလေးနဲ့ ချိန်းထားတယ်ဆို
အင်း
မလာသေးဘူးလား။
အင်း မလာဘူးကွ။
သူ အိမ်ကထွက်မရလို့လား။ဒါမှမဟုတ် တခြားတစ်ယောက်နဲ့ တွေ့နေလို့လား။
အိမ်က ထွက်မရတာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတယ် သူငယ်ချင်းရာ။
ဒါလေးများ
မင့်ဆီ ဖုန်းဆက်တာကို နာမည် မှားခေါ်လို့ဆို၊မင့်ရဲ့အမျိုးသာ
ကြီးကျယ်လိုက်တာ၊သူက အရင်စပြီး ဆွီတီလို့ မှားခေါ်တာ၊ဒီတော့ ငါက မှားထူးတာပေါ့။
ဖြစ်ချင်တာ ဒါပဲ
ကိုယ်က စီဘီအေ company မှာ အလုပ်လုပ်ပါတယ်ကွာ၊မန်နေဂျာပါ၊
တကယ်လား..
တကယ်ပါ
ဒါဖြင့် သူဌေးနဲ့ မိတ်ဆက်ပေးလေ။
No comments:
Post a Comment