24 June, 2011

မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ (ရေးသားသူ မြတ်မွန်)

ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေပြီ ။ နောက်ထပ် ထပ်သိမ်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်မိသည်။ ဇနီးဖြစ်သူက မီးဖိုခန်းထဲနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်သည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၊ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအားပေး၊ မလိုအပ်သည့် ပစ္စည်းများလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်တွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ ရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့် လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူ လှုပ်ရှားရုန်းကန်ခဲ့သည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။ သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရသည်။ ထိုနောက် သမီးလေးကို မွေးသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန် ခွင့်ရက် လေးဆယ်ငါးရက် ရသည်။ ထိုကြောင့် သမီးလေး တစ်လကျော်မှာပဲ ဇနီးဖြစ်သူမှာ အလုပ် ပြန်တက်ရလေသည် ။ ထို့ကြောင့် အိမ်းနီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ယောက်ကို လခပေး၍ သမီးလေးကို ထိန်ခိုင်းရသည်။ ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့သည်။ ကလေးနှစ်ယောက် ထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နို့မှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးပဲ ကျွန်တော် ပြန်လာချိန်မှာတော့ ကလေးများ အိပ်ပျော်နေချိန် ဖြစ်သည်။ ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာ မြင့်မားလှသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် အပ်ထား၍့ ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထိုနောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့သည်။ သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော် အချိန်အတွင်း တတ်လာခဲ့သည့် မြန်မာစကားများကို ပြန်မမေ့သွားစေရန် မြန်မာလိုသာ ပြောဆို ဆုံးမဖြစ်သည်။ ဇနီးဖြစ်သူက ကလေးများကို အားလပ်ချိန်တွင် ဘုရားရှိခိုးနည်းများ သင်ပေးသည်။ သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ခန့်အချိန်တွင် စတင်ခဲ့သည်။ တစ်နေ့တွင် ကျွန်တော် အလုပ်မှ အချိန်အနည်းငယ် စောကာ ပြန်လာသည်။ အိမ်တံခါးဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။ “ တံခါးကို အရမ်းစွတ် မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။ ” “လောင်မား။ နီးလောင်ကုန်းလား။ ” (အမေအိုကြီး နင့်ယောင်္ကျား )ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး ကျွန်တော် သားကိုဆုံးမရတော့သည်။ “သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။” ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်သည်။ သည်နိင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရသည်။ “မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ” ပြောသာပြောရသည် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အားလပ်ချိန်များတွင် ပြောဆိုဆုံးမလေ့ ရှိသော်လည်း ထိုကဲ့သို့ အားလပ်ချိန်မှာလည်း များများစားစာ ရှိလှသည်မဟုတ်။ ဆုံးမချိန်ခဏသာ “ ဟုတ် ” ဟုခေါင်းညိတ်ကြသည်။ ပြီးလျှင် မေ့သွားကြပြန်သည်။ တစ်ခြား ကလေးများမှာလည်း ထိုနည်းတူ၊ ထို့ထက်ပိုဆိုးများသာ ဖြစ်သည်ကိုလည်း အမြဲမြင်တွေ့နေရတာကြောင့် ကျွန်တော့်ကလေးများအတွက် ရင်ပူမိသည်။ ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်သည်။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည့် အတွေးများကြောင့်လည်း လူကြီးမိဘများအပေါ် ရိုင်းစိုင်းရဲကြခြင်းဖြစ်မည်။ ထိုအရာသည် လွတ်လပ်ခွင့်၏ ဘေးထွက်ဆိုးကျိုးသာ ဖြစ်သည်။ ကျွန်တော်တို့ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင် လက်နောက်ပစ်၍ ဖြစ်စေ၊ လက်အုပ်ချီ၍ဖြစ်စေ နှုတ်ဆက်ကြရသည်။ ခေါင်းကလေးငုံ့ကာ ဖြတ်လျှောက်ကြသည်။ အခါကြီးရက်ကြီးများတွင် မိဘ ဆရာသမားများကို သတိတရ သွားရောက် ကန်တော့လေ့ရှိသော်လည်း ယခုအချိန်ထိ ကျွန်တော်တို့ ဇနီးမောင်နှံမှာ ပြန်ကန်တော့ခံခွင့်မရသေး။ သက်ပြင်းတစ်ချက်သာ လေးလေးပင်ပင် ချလိုက်မိတော့သည်။ အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမမှုသော်လည်း သည်နိင်ငံယဉ်ကျေးမှုဓလေ့ စရိုက်များ အောက်တွင် မှုန်ဝါးဝါး ဖြစ်ရလေ့သာရှိသည်။ ကလေးနှစ်ယောက်စလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်ကို သည်နိင်ငံသားများဟုသာ အတွေးဝင်နေကြပုံရသည်။ နုနယ်သော သူတို့နှလုံးသားများထဲတွင် ဓလေ့စရိုက်ဆိုးများက အမြစ်တွယ်စပြုနေပြီထင်သည်။ ကြာလာတော့ ပြောဆို ဆုံးမရတာပင် စိတ်ပျက်စပြုလာတော့သည်။ အိမ်ပြန်ရောက်လျှင် မြင်ရတွေ့ရသည်မှာ စိတ်မချမ်းသာ။ ကလေးများကတော့ အခြေအနေပို၍သာ ဆိုးလာတော့သည်။ သမီးနှင့်သားမှာ တဖြေးဖြေး အရွယ်ရောက်လာသည်။ သမီးက ၁၀ နှစ် သားက ၈ နှစ်အရွယ်သို့ပင်ရောက်လာသည်။ မောင်နှစ်မ အချင်းချင်းလည်း သည်နိင်ငံ၏ လူနေမှုဘဝ ဓလေ့အတိုင်းသာ ဆက်ဆံကြသည်ကို မကြာမကြာ မြင်နေရသည်။ မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ တွေ့လျှင် ဆုံးမသော်လည်း ကျောင်းတွင် ကျောင်းသားချင်းဆီမှ ကူးစက်လာဟန်တူသော ဓလေ့စရိုက်များက အရိုးစွဲစပြုနေဟန်တူသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။ “ သမီး အမေ့ကို တီဗီရီမုပေးစမ်း ” တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။ “ အင့်ဟာ... ” ဖုန်း... ဖုန်း... “ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း” ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။ “ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်” ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော် အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလိုပင် လည်ပင်းတွင် တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။ “ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ” “ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ” သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။ “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” ထိုစကားစုသည် ပဲ့တင်သံများအဖြစ် နားစည်ဝမှ နှလုံးအိမ်ထဲအထိ အခါခါ ရိုက်ခတ်နေတော့သည်။ ပြိုကျသွားသည့် အိမ်တစ်လုံးကို စောင့်ကြည့်နေရသူ အိမ်ရှင်တစ်ယောက်၏ နာကျင်မှုမျိုးထက် ပိုမိုသည့် ဝမ်းနည်းခြင်းများစွာက ကျွန်တော့်ကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ထားသည့် မိသားစုအိမ်ကလေး တအိအိဖြင့် ပြိုကျသွားခဲ့လေပြီ။ ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညဥ့်နက်လှပြီ။ ဇနီးဖြစ်သူက မအိပ်သေးဘဲ စောင့်နေသေးသည်။ ကျွန်တော့်ကိုမြင်တော့ ဇနီးဖြစ်သူက လှမ်းဖက်သည်။ ကျွန်တော်လည်း ပြန်လည်ပွေ့ဖက်ကာ သူ့ကျောလေးကို ခပ်သာသာပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ နာကျင်နေသော နှလုံးခုန်သံများက နှစ်ဦးသားစလုံးတွင် ထပ်တူဖြစ်နေလိမ့်မည်။ ဇနီးဖြစ်သူကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်သည်။ “ ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ ” ဇနီးဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြ၏။ သားသမီးများ၏ အနာဂတ်အတွက် သူလည်း ဘာမဆို စွန့်လွှတ်ဖို့ တွေးထားမည် ထင်ပါသည်။ ရုပ်ဝတ္ထုများနောက်ကိုလိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့။ လက်မခံနိင်သော ဓလေ့စရိုက်များရှိရာမှ ကျွန်တော်တို့မိသားစု ရုန်းထွက်ရတော့မည်။ သားသမီးများ၏ အနာဂတ်အတွက်ဆိုလျှင် ရရှိလာနိင်မည့် ပြည့်စုံကြွယ်ဝမှုများနှင့် ကျွန်တော်တို့ အလွယ်တကူ လဲလှယ်ဝံ့ပါသည်။ ထိုခံယူချက်ကြောင့်ပင် ကိုယ့်မြေကိုယ့်ဌာနေကိုသာ ပြန်ဖို့ဆုံဖြတ်လိုက်ကြခြင်း ဖြစ်ပါတော့သည်။ ကြီးသူကိုရိုသေ ငယ်သူကိုလေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘဝ အိမ်ကလေးတစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထိုအိမ်လေးကို မေတ္တာဖြင့်မိုး၍ နှလုံးသားနှင့်ကာရံထား ပါမည်။

ချစ်ခင်လေးစားစွာဖြင့်

မြတ်မွန်

From Myanmar in Singapore

ဆက်ဖတ်ရန်>>>

15 October, 2010

စင်ကာပူမြို့တော်ကြီးတွင် တစ်စုံတစ်ရာ ချို့ယွင်းနေပြီလော

စင်ကာပူမြို့တော်ကြီးတွင် တစ်စုံတစ်ရာ ချို့ယွင်းနေပြီလော

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၇)

စင်ကာပူနိုင်ငံသည် ကမ္ဘာ့နေထိုင်၍အကောင်းဆုံးမြို့များစာရင်းတွင်ထိပ်တန်းရောက်ရန်လိုအပ်နေသေးကြောင်း သိရှိရသည်။ နေ့စဉ် သတင်း အစီရင်ခံစာများတွင် စင်ကာပူနိုင်ငံ သည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး၊ အပြည့်စုံဆုံးနှင့် အမြော်အမြင် အရှိဆုံး မြို့ဟု ရေး သားဖော်ပြနေကြသည်။

ပြီးခဲ့သော ကြာသပတေးနေ့ ကမ္ဘာ့ စီးပွားရေးနှီးနှောဖလှယ်ပွဲ၌ စင်ကာပူ နိုင်ငံကို အာရှတွင်စီးပွားရေးယှဉ်ပြိုင်နိုင် စွမ်းအရှိဆုံးနိုင်ငံဟု သတ်မှတ်ပြီး ကမ္ဘာ ပေါ်တွင် ဆွစ်ဇာလန်နှင့် ဆွီဒင်ပြီးလျှင် တတိယမြောက် စီးပွားရေး အကောင်းဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြသည်။
ယခုနှစ်တွင် စင်ကာပူ နိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးနှုန်းမှာ ၁၅ ရာခိုင်နှုန်းခန့်ရှိ မည်ဟု ခန့်မှန်းထားကြပြီး တရုတ်နိုင်ငံ ကို ကျော်တက်ကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးနှုန်း အမြန်ဆုံးနိုင်ငံဖြစ်လာသည်။

အာရှတွင် လာဘ်ပေးလာဘ်ယူမှု အနည်းဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်နယူးဇီလန်နှင့် ဒိန်းမတ်ပြီးလျှင် လာဘ်စားမှု တတိယအနည်း ဆုံးနိုင်ငံဖြစ် ကြောင်း သိရသည်။ ထိုသို့ဖြစ်လင့် ကစား စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်၌ နေထိုင်၍အကောင်းဆုံး မြို့များစာရင်း တွင် ထိပ်တန်းစာရင်းရောက်ရန်လိုအပ် နေသေးကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် 'မာဆာ'နေထိုင်မှု အရည်အသွေးလေ့လာစစ်တမ်းအရ စင်ကာပူနိုင်ငံသည် ကနေဒါ(ကယ်ဂါရီ မြို့)နှင့်အတူ ကမ္ဘာ့နေ ထိုင်မှုအကောင်းဆုံးအဆင့်(၂၈)၌သာ ရပ်တည်နေရသည်။၎င်းသည် အဖြေရှာရန် ခက်ခဲသော ၀ိရောဓိဖြစ်ပြီး ဘော့ဒိုင်လန်၏ ဂန္တ၀င် သီချင်းတစ်ပုဒ်ကို သွားသတိရ မိပါသည်။

"တစ်ခုခုတော့ လွဲချော်နေပြီ။ ဒါပေ မယ့် ဘာလွဲချော်နေမှန်းမသိဘူး။ သင် ရော သိပါသလား မစ္စတာဂျုံးစ်"ဟူ သော စာသားကို သတိ ရမိပါသည်။

မှန်ပါသည်။မကြာသေးမီကာလများအတွင်းစင်ကာပူနိုင်ငံတွင်အထူးအဆန်းများဖြစ်ပွားခဲ့ပါသည်။ စင်ကာပူ (Young Lions) ဘောလုံး အသင်းနှင့် တရုတ်(ပေကျင်း Guoan) ဘောလုံးအသင်းကြားယခုလအစောပိုင်းဖြစ်ပွား ခဲ့သော ရန်ပွဲကိုကြည့်ပါလေ။ ပဋိပက္ခဖြစ် ၍ ပွဲကို ရပ်လိုက်ရသည် အထိ တစ်ပွဲလုံးကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြသည်။

ထိုကဲ့သို့ ထူးခြားသော်လည်း ရှားရှား ပါးပါး မဟုတ်သော အကြမ်းဖက်မှုသည် စင်ကာပူ၏ တခြား ထူးခြားသော ဓလေ့ ထူးတစ်ခုကို အမှတ်ရစေသည်။ ရာဇ၀တ် မှုကင်းမဲ့ သော စင်ကာပူဟု ဆိုကြသော် လည်း စင်ကာပူနိုင်ငံ၏ အ၀ါရောင် လမ်းညွှန် စာအုပ်များ တွင် ရှေ့နေလိပ်စာများဖြင့် ပြည့်နေသည်။

၎င်းတို့ အားလုံးသည် ဘာမျှအလုပ် မရှိဘဲထိုင်နေကြသည်မဟုတ်ပေ။ သေ တမ်းစာများ၊ အိမ်ခြံမြေရောင်းဝယ်ရေး စာချုပ်များကိုသာ လုပ်နေကြရသည် လည်း မဟုတ်ပေ။ ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းနေကြရခြင်းဖြစ်သည်။ လူသတ်မှု၊ လုယက်မှု၊ လိမ်လည်မှု၊ မုဒိမ်းမှုစသည်တို့ကို ဖြေရှင်းနေခြင်းဖြစ် သည်။ တစ်ပတ်လုံးအဆင်ပြေသည့်နေ့ တရားရုံးကို သွားကြည့်ပါလေ။

ရာဇ၀တ်မှုကင်းသော စင်ကာပူဆိုသည့် ဒဏ္ဍာရီအပြင်တခြားတစ်ခုရှိသေးသည်။ ဆင်းရဲသော စင်ကာပူ နိုင်ငံသားမရှိဟူသော စကား ပင်ဖြစ် သည်။ အများကြီးရှိပါသည်။

၎င်းတို့သည် လူနေတိုက်ခန်းဝင်းများ ထဲတွင် မွန်းလွဲပိုင်းအချိန်များ၌ စုဝေးကာ အလှူများကိုလက်ခံရန်စောင့်ဆိုင်း နေတတ်ကြသည်။ ၎င်း အလှူထုပ်များ၌ ကြက်ဥခြောက်လုံး ကတ်တစ်ကတ်၊ ဆန်တစ်ထုပ်၊ ပဲတစ်ဘူး၊ ချောကလက်ပူတစ်ခွက်နှင့် အိမ်သာသုံးစက္ကူတစ် လိပ် တို့ ပါဝင်သည်။

စင်ကာပူနိုင်ငံ၏ ပြည့်စုံလုံလောက် မှုကို ကြည့်မည်ဆိုလျှင်လည်း ၎င်း၏ ကျော်ကြား လှသော လုံခြုံရေးဝန်ဆောင် မှုကို ကြည့်ပါလေ။
ဇွန်လအတွင်း တင်းကျပ်သည်ဟု ယူဆရသော အစောင့်အကြပ် များရှိ သည့်ကြားက ခပ်ကဲကဲကောင်နှစ်ကောင် သည် စင်ကာပူမြေ အောက်ရထားMRT ၏ ဘူတာရုံတွင်းသို့ ခိုးဝင်ကာ ရထားတွဲများကို မှုတ်ဆေးဖြင့် ရေးခြစ် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထူးထူးခြားခြား ပင် ၎င်းရောင်စုံ ရထားသည် အံ့အားသင့် နေကြသော ခရီးသွားများရှေ့တွင် ပြေးဆွဲပေးခဲ့ ကြောင်း သိရသည်။ MRT ပေါ်၌ အကြမ်းဖက်သမားများက ဗုံးကိုလည်း ထိုသို့ အလွယ်တကူထောင်၍ ရနိုင် မည်ဟု မတွေးမိသူ ရှိပါမည်လော။

၎င်းလုံခြုံရေးပေါ့လျော့မှုသည် လွန်ခဲ့ သော နှစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော ပေါ့လျော့မှုလောက် မဆိုးသေးပေ။ လွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံ၏အပူတပြင်းအလိုရှိနေသော အကြမ်းဖက် သမား မားစ်ဆယ်လယ်မတ် ကက်စ်တာရီသည် နိုင်ငံ၏ ကျော်ကြားသော ၀ှစ်တလေ ၀ုဒ်အကျဉ်းထောင်မှထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းပင်ဖြစ်သည်။

ဆယ်လယ်မတ်သည် အိမ်သာသွား မည်ဟု ပြောသွားပြီး အိမ်သာပြတင်း ပေါက်မှ ကျော်တက်ကာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည်။ ဤ ရှက်ဖွယ် ပေါ့လျော့မှု အတွက် မည်သည့် စင်ကာပူဝန်ကြီး (သို့မဟုတ်) အထက် တန်းတာဝန်ရှိသူမျှ နုတ်ထွက်စာတင် ခဲ့ခြင်းမရှိပေ။ ထို့ပြင် ကမ္ဘာလှည့်ခရီး သွားများသည် စင်ကာပူဟိုတယ်များ၌ အင်တာနက် အသုံးပြုမှု အပေါ်တွင် တောင်းခံသော ငွေ များလွန်း၍ ဒေါသ ထွက်ကြသည်။ ဆက်သွယ်ရေးအလွန် ကောင်းသည့် မြို့ကြီးတစ်မြို့မည်သို့ ဖြစ်သွားလေသနည်း။ တခြားနိုင်ငံမှ ဟိုတယ်များမှာ အင်တာနက်ကို အခမဲ့ အသုံးပြုခွင့်ပေးကြသည်ချည်းဖြစ်သည်။

ကိုယ့်အီးမေးလ်လေးကိုကိုယ်ပြန်ကြည့်ရန်ပင် ဤမျှ မတန်တဆပေးနေရပြီး လခနည်းနည်းဖြင့် အလုပ်လာလုပ်သော နိုင်ငံခြားသား အလုပ်သမားများက နောက်တစ်နေ့တွင်ကောက်သိမ်းကြမည်ဟု သိနေကြသဖြင့် စင်ကာပူနိုင်ငံသားများက အမှိုက်ကို စည်းမဲ့ ကမ်း မဲ့ ပစ်နေသမျှ ကာလပတ်လုံး စင်ကာပူသည်ကမ္ဘာ့နေထိုင်၍အကောင်းဆုံးမြို့ဆုကို ဘယ်တော့မျှ ရယူနိုင်မည် မထင်ပေ။

ထိုအားတက်ဖွယ်စာရင်းများ၏ တစ်ဖက်တွင်စင်ကာပူနိုင်ငံသည် တစ်ခုခုမှားယွင်းနေပြီလောဟုထင်မိပါသည်။ နိုင်ငံ၏ လက်ရှိဝန်ကြီး ချုပ်သည် သူ့အဖေ၏ လက်သုံးတော် ကျာပွတ်ကို ထုတ်ယူကာ ရိုက်နှက်ဆုံး မသင့်ပြီဟု ဆိုလိုက်ချင်ပါသည်။

ဆက်ဖတ်ရန်>>>

13 October, 2010

မဆုတ်သာမတိုးသာ အခြေအနေ

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော်။ ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက်
အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး
အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။ အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲလုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။ ယောင်္ကျားက သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးကသူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်
စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။ အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။

From Myanmar Engineer .org
ဆက်ဖတ်ရန်>>>

23 July, 2010

စာအုပ်

ကိုကို -မြန်ပြည်
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း
၎ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net

ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊
စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈ ၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊
Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com

ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး
သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် …
ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များမျာ

း ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊
ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com

ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ …
မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ
ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ
I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net

ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net

ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော်
များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ
ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com

ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org

ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com

ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software
တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video
တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည်
စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks

ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား
ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library

ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ
ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com

ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့
ရှာနိုင်ဖွေနိုင်ပါတယ်..Rest of your post

ဆက်ဖတ်ရန်>>>

22 July, 2010

funny

ဆက်ဖတ်ရန်>>>

funny

ဆက်ဖတ်ရန်>>>

04 July, 2010

သူငယ်ချင်းဆိုတာ ဘာကြောင့် မရှိမဖြစ်လဲ !!!


ဆက်ဖတ်ရန်>>>