ကိုကို -မြန်ပြည်
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း
၎ ထောင်ကျော်ရှိပါတယ် …
၂ ။ http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊
စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..
၃ ။ http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈ ၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊
Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..
၎ ။ http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး
သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် …
ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များမျာ
း ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊
ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..
၇ ။ http://www.scribd.com
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ …
မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ
ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ
I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …
၈ ။ http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော်
များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ
ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ http://www.zillr.org
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software
တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)
၁၄ ။ http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video
တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည်
စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …
၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား
ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ
ဒေါင်းနိုင်ပါတယ် …
၁၈ ။ http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့
ရှာနိုင်ဖွေနိုင်ပါတယ်..Rest of your post
23 July, 2010
စာအုပ်
22 July, 2010
04 July, 2010
03 June, 2010
10% and 90%
28 May, 2010
အောင်မြင်ရေးစာစု

- အဆိုးမြင်အတွေး အားလုံးကို ဖယ်ရှားပြီး အကောင်းမြင် အတွေးမျိုး တွေးတတ်အောင်ကျင့်ပါ။ နေ့စဉ် ဒိုင်ယာရီ တစ်ခု ထားပြီး သင့်ကိုယ်သင် နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ အရာအားလုံးကို ချရေးထားပါ။ အဲဒီ ဒိုင်ယာရီ ကို နေ့တိုင်း ပုံမှန် ပြင်ပြီး သင့်ကိုယ်သင် ဂုဏ်ယူစေတဲ့ အချက်တွေ တွေ့လာရင် ထပ်ထည့်ပါ။ ဘတ်စ်ကားပေါ်မှာ အဘွားအို တစ်ယောက် လာလို့ ကိုယ့်ထိုင်ခုံက ထပေးလိုက်တာ လိုမျိုး ရိုးစင်းတဲ့ အချက်တွေပါ အားလုံး ထည့်ပါ။ သင့်ကိုယ်သင် အထင်သေးသလို ခံစားရတဲ့ အခါမျိုးမှာ အဲဒီ ဒိုင်ယာရီကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။
- သင့်ကိုယ်သင် သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီး သင် ဘာလဲ ဆိုတာ သိအောင်လုပ်ပါ။
- သင်ဟာ အလွန်အရေးကြီးပြီး သူများနဲ့ မတူတဲ့လူ၊ အသိဥာဏ်ထက်မြက်တဲ့ လူ တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောပါ။ မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊ “ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ” စသဖြင့် ပြောပေးပါ။ သင့်အခန်းနံရံမှာလည်း ကောင်းတဲ့အတွေးအခေါ် စာစုတွေ ကပ်ထားပါ။
- သင့်ရဲ့ သူငယ်ချင်းများကို ဂရုတစိုက် ရွေးချယ်ပါ။ သင့်ကို ဝေဖန် နှိမ့်ချ တတ်သူများကို အနားမှာ မထားပါနဲ့။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တတ်သူများနဲ့သာ မိတ်ဆွေဖွဲ့ပါ။
- ဘဝမှာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ကိုပဲ ထားပါ။ မအောင်မြင်နိုင်လောက်တဲ့ အရာတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ အားသာချက်၊ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေ အပေါ်မူတည်ပြီး ပန်းတိုင်ကိုရွေးချယ်ပါ။
- သင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင် အကြံပေးချက်ကတော့ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ဦးတည်ပြီး အလုပ်ကို ပြင်းပြင်းထန်ထန် တစိုက်မတ်မတ် လုပ်ပါ။ အဲဒါက သင့်ကို အောင်မြင်မှု အသေးစားလေးတွေ ရအောင် ကူညီပါလိမ့်မယ်။ အဲဒီနောက် သင့်ကိုယ်သင် အထင်ကြီးပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။
- မကြာခဏ၊ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပြီး ကိုယ့်ကိုယ်ကို အထင်မကြီးတာကလည်း သူတို့ကိုယ်သူတို့ စိတ်ပျက်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ။ အကျိုးသက်ရောက်စေတဲ့ တစ်နည်းကတော့ ကလေးငယ်တွေကို ပြည့်ဝတဲ့ ဂရုစိုက်ယုယမှုနဲ့ ချစ်မြတ်နိုးမှု ပေးဖို့ပါပဲ။ သူတို့ကို ချီးမွမ်းပေးပါ၊ တခြားကလေးတွေနဲ့ သွားပြီး မနှိုင်းယှဉ်ပါနဲ့။ အားကစားလုပ်တာလိုမျိုး ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။ အဲဒါတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို တည်ဆောက်စေနိုင်ပါလိမ့်မယ်။
20 May, 2010
ဟာသများ
ရှေ.နေကြီး
အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီး
ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
” လူကြီးမင်းဟာ …ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။”
ရှေ.နေကြီးက ပြန်ပြောသည်။
“ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
သေတော့မယ်ဆိုတာ ခင်ဗျားသိသလား”
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
” ကျနော် တောင်းပန်ပါတယ်။ ကျနော် …ဒါတွေကို ဘာမှ မသိပါဘူး”
ရှေ.နေကြီး ဆက်ပြောသည်။
“စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။”
” ကျနော် အထူးတောင်း…တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး”
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
” ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် ”
” ဘုရား…ဘုရား သနားစရာပါလား ခင်ဗျာ ”
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
” အေး… အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ … ဟင် “
************************
ဖြစ်လာမှာပါ
ဘားကောင်တာသို. ‘ဂျိန်းစ်ဘွန်း’ လျောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။
ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။
သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင်ပတ်ထားသော မိမိနာရီကိုသာ မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
” ဘာလဲ … မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား”
” မဟုတ်ပါဘူး….နောက်ဆုံးပေါ် နာရီကို ကြည့်မ၀ဖြစ်နေလို.ပါ ”
” တခြားနာရီတွေထက်… ဘာများသာလို.လဲ ရှင့်”
” အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။
ဥပမာ … ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ ”
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။
” ရှင့် နာရီ မှားပြီ … ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်”
‘ဂျိန်းစ်ဘွန်း’ နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
” အင်း … နာရီက နာရီဝက် တိတိ မြန်နေတာကိုး..”
***********************
မောင် မလာ, တော့ဘူးကွယ်
ကိုဘမောင်ဆီ မိတ်ဆွေတွေ အလည်အပတ်ရောက်လာကြသည်။
ကိုဘမောင် တံခါးကို ဖွင့်ပေးသည်။ ပွင့်သွားသော တခါးမှ ကိုဘမောင် မွေးထားသော ကြောင် လှစ်ခနဲ
ထွက်ပြေးသည်။ အိမ်မျက်နှာကျက်ပေါ် ပြေးတက်သည်။ ထို.နောက် အိမ်အောက်ကို ခုန်ဆင်းသည်။
ယင်းမှတဖန် အိမ်ခေါင်မိုးပေါ်သို. ဖျက်လက်သွက်လက်စွာ ပြေးတက်ပြန်သည်။ အပေါ်ရောက်တော့လည်း ကြာကြာမနေ ။
ဧည့်ခန်းကိုဖြတ်ကာ ခြံထဲရှိ အမှိုက်ပုံဘက်ကို ခုန်ပေါက်ထွက်သွားသည်။ ဒါတွေအားလုံး မိနစ်ပိုင်းအတွင်း
ဖြစ်နေရာ ဧည့်သည်များ အငေးသားကြည့်နေကြရသည်။ ဘာမှလည်း နားမလည်ကြ ။
ကိုဘမောင်က ၀မ်းနည်းသံဖြင့် ရှင်းပြသည်။
” ကျနော် ဒီကောင်ကို …ဒီနေ. သင်းလိုက်တာဗျ ”
” အဲဒီတော့ …ဘာဖြစ်သလဲ”
“အချိန်းအချက် လုပ်ထားတာတွေကို ဒီကောင် …လိုက်ဖျက်နေရတာပေါ့ “
***********************
သူ့အတွေး
ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် … သူ့ သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့
တောင်းဆို တယ်တဲ့ … အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
စာမေးတာပေါ့ …
ကျောင်းအုပ်။ ။ ငါး .. ငါးလီ …
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …
ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ….
ဆရာမ။ ။ သားလေး … ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် … နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ….
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ….
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် … ဆရာမဆီမှာ တစ်ခုမှ မရှိဘူး … အဲဒါရောဘာလဲ …
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး … တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့် ရသွားပြီ …
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် … ဒီကလေးကို ငါးတန်းပဲ
ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ….
***********************
လူလည်
တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး…. ….
( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး တွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။
အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။
(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။….
( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်
ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက
“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး……………. .. ငါကဖြင့် 15 ထပ် လောက်တောင်
ရေပြီးပြီ ” တဲ့။
***********************
သူခိုးနှင့် ချာတိတ်
သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ
တွေ့လေသည်။
“ ဟေ့ ချာတိတ် …မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့်
ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး
သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး
လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင်
ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ
” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော်
မယူလာနိုင်တော့ဘူး….. ရေပိုက်ခေါင်းကို
ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”
***********************
သိပြီးသား
စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။
ကိုဇော်ဂျီ က ပြောသည်။
`ဟေ့… မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ စကူပြန်ဖြေသည်
`ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´
***********************
ချိုသာစွာပြောပါ
လေယာဉ်တစ်စီး … စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ … အဲဒါကို Pilot က လေယာဉ်မယ်ကို …
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ … လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး …. ” ကဲ … ခရီးသည်များရှင် … မသေခင်လေး
… အချိုတည်း ကြရအောင် … ” တဲ့ …
***********************
ယူမိသည့် တာဝန်
“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ”
ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်…..“ သူ့ကို ကျွန်တော် ယူလိုက်ပြီ လေဗျာ ” ဟု ဖြေလေသည်။
သြော်…ယူမိသည့် တာဝန်များနော်………… …

